ထားဝယ်မြို့လယ်ခေါင် သေနတ်ပစ် လူဆိုးဖမ်းပွဲ

ကျည်ဖူးသည် အရှည်လက်မဝက်ခန့်ရှိသည်။ လူဆိုးဖမ်းရင်းအသက်ပေးလိုက်ရသည့် ရဲတပ်သား၏ အသက်မဲ့ ခန္ဓာကိုယ်ထဲမှ ခက်ခက်ခဲခဲရှာလိုက်ရသည့် သွေးစွန်းနေသည့် ကျည်ဖူးကိုရဲတပ်ဖွဲ့ တာဝန်ရှိသူနှင့် ထားဝယ် ဆေးရုံတာဝန်ရှိသူများဓာတ်ပုံရိုက် မှတ်တမ်းတင်နေသည်။ ထိုကျည်ဖူးသည် တပ်သားထွန်းယိန်း၏ အသက်ကို နှုတ်ယူသွားခဲ့သည်။ ကျည်ပိုင်ရှင်မှာမူးယစ်ဆေးဝါးအမှု၊ လက်နက်ကိုင်ဆောင်မှုများဖြင့် လွန်ခဲ့သည့် ၄ လခန့်က တရားခံပြေးဖြစ်နေသည့် သီဟနိုင်။ အပူရှိန် မာန်မကျသေးသည့် ညနေ ၅ နာရီဝန်းကျင်အချိန်တွင် ယင်းကျည်ပိုင်ရှင်သည်ပင် ထားဝယ်မြို့လယ် ဆေးရုံလမ်းတစ်လျှောက် လူထုအားသွေးပျက်စေခဲ့သည်။ ဆေးရုံလမ်းသွေးစွန်းခဲ့သည်။ မေလ ၁၄ ရက်နေ့ ညနေခင်းလူဆိုးဖမ်းပွဲသည် ထားဝယ်မြို့သမိုင်းတွင် ရှစ်လေးလုံး အရေးတော်ပုံနောက်ပိုင်း ပထမဆုံးသေနတ် သံပြန်ကြားစေခဲ့သည်။ ရှစ်လေးလုံး အရေးတော်ပုံကာလအတွင်းကလည်း ယခုအခင်းဖြစ်ပွားရာအနီး ဥတ္တံတားကြီး လမ်းဆုံတွင် စစ်တပ်က ပစ်ခတ်နှိမ်နင်းမှုဖြစ်ပွားခဲ့သည်။ “သေနတ်ပစ်တယ်လို့ကို မထင်ဘူး၊ တစ်ခါမှ မကြားဖူးတော့ ဝါးလုံးကိုခွဲတဲ့အသံလိုပဲ” … Continue reading ထားဝယ်မြို့လယ်ခေါင် သေနတ်ပစ် လူဆိုးဖမ်းပွဲ