ပြည်သူမလိုသူများပါသည့် ပြည်နယ်စီမံကိန်းကော်မရှင်ကိစ္စ မွန်လွှတ်တော်နှင့် အစိုးရ ထိပ်တိုက်တွေ့

လူထုမလိုလားသော စီးပွားရေးလုပ်ငန်းရှင်များကိုလည်း ထည့်သွင်းထားပြီး လွှတ်တော်သို့ အသိပေးခြင်းမရှိသည့် မွန်ပြည်နယ် စီမံကိန်းကော်မရှင်ကို အချိန်မီထိန်းသိမ်းရန် ပြည်နယ်လွှတ်တော်က အစိုးရကို စတင်မေးခွန်းထုတ်နေပြီဖြစ်သည်။ မွန်ပြည်နယ်ဝန်ကြီးချုပ်လက်မှတ်ထိုးကာ မေလ ၂၅ ရက်နေ့က အတည်ပြု ဖွဲ့စည်းခဲ့သည့် ပြည်နယ်စီမံကိန်းကော်မရှင်တွင် စုစုပေါင်း အဖွဲ့ဝင် ၁၅ ဦးပါဝင်ပြီး နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင် နှစ်ဦးလည်း ပါဝင်သည်။ ပါဝင်သော ဒေသတွင်း နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် ၂ ဦးမှာ လက်ရှိလွှတ်တော်က စိစစ်နေသည့် ကမ်းနားလမ်းတိုးချဲ့ အဆင့် (၆) ကို တာဝန်ယူ ဖောက်လုပ်ခဲ့သူ ဦးမိုးကျော်နှင့်  ကျိုက်ထီးရိုး ဘုရားနှင့် စပ်ဆိုင်သော လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်နေသေူ ပထမ ရိုးရိုးလေး ကုမ္ပဏီ လီမိတက်ပိုင်ရှင် ဦးနေထက်သိန်းနိုင်တို့ ဖြစ်သည်။ ‘‘ပြည်နယ်အဆင့် ကော်မရှင်ဖွဲ့စည်းခဲ့ပေမယ့် … Continue reading ပြည်သူမလိုသူများပါသည့် ပြည်နယ်စီမံကိန်းကော်မရှင်ကိစ္စ မွန်လွှတ်တော်နှင့် အစိုးရ ထိပ်တိုက်တွေ့