ထားဝယ်မြို့ ဘုရားကြီးဝင်းအတွင်း တစ်ညတည်း အလှူခံပုံးသုံးလုံး ဖောက်ခံရ

ထားဝယ်မြို့ရှိ ဘုရားကြီးဝင်း အတွင်း ပြီးခဲ့သည့် မေလ ၂၇ ရက် ညက အလှူခံပုံး သုံးလုံး ဖောက်ခံခဲ့ရကြောင်း ဘုရားကြီးဂေါပက အဖွဲ့ထံမှ သိရသည်။ ဘုရားကြီးဝင်းအတွင်းရှိ ပရမတ္ထဘုရားသိမ်တွင် အလှူခံပုံးနှစ်ပုံးနှင့် အင်ကြင်း ပင် ဘုရားရင်ပြင်ရှိ အလှူခံပုံးတစ်လုံး ဖောက်ခံခဲ့ရခြင်းဖြစ်သည်။ ပရမတ္ထဘုရားသိမ်တွင် သော့ခတ်ထားသည့် သံဘာဂျာတံခါးပတ္တာအား ဖျက်ဆီး ပြီး အတွင်းရှိ အလှူခံပုံးနှစ်ပုံးအနက် တစ်ပုံးကို မှန်ပုံးပတ္တာအားဖျက်ကာ အလှူခံပုံး အတွင်းရှိ အလှူငွေ နှစ်သောင်းကျပ်ခန့်နှင့် နောက်တစ်ပုံး အား ဘုရားသိမ်အပြင်သို့ ယူဆောင်ကာ မှန်ရိုက်ခွဲ၍ အတွင်းရှိ အလှူငွေ နှစ်သောင်းကျပ်ခန့် ခိုးယူသွားခဲ့ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ ထို့အပြင် ဘုရားကြီးဝင်း အတွင်းရှိ အင်ကြင်းပင်ဘုရားရင်ပြင်ရှိ စတီးအလှူခံပုံး အား ရိုက်ဖျက်၍ အလှူငွေတစ်သောင်းကျပ်ခန့်အား … Continue reading ထားဝယ်မြို့ ဘုရားကြီးဝင်းအတွင်း တစ်ညတည်း အလှူခံပုံးသုံးလုံး ဖောက်ခံရ