ဘုရားအလှူခံပုံးဖောက်မှု သံသယရှိသူ ဆယ်ကျော်သက်လေးဦး ဖမ်းမိ

ထားဝယ်မြို့၊ လောကမာရဇိန် ဘုရားကြီးဝင်းအတွင်းရှိ အလှူခံပုံးများကို ရိုက်ခွဲခိုးယူခဲ့သည်ဟု သံသယရှိသူ ဆယ်ကျော်သက် လူငယ်လေးဦးကို ထားဝယ်မြို့မ ရဲစခန်းမှ ဖမ်းဆီးထားသည်။ ဇွန်လ ၇ ရက်နေ့ နံနက် ၁ နာရီခန့်က ထားဝယ်မြို့ ကျောက်မော်ရပ်ကွက်တွင် ထော်လာဂျီဂေါက်တံ (ဒေသအခေါ် ဟန်တလော်) ကိုင်ဆောင် သွားလာနေသူတစ်ဦးကို လှည့်ကင်းလှည့်ရဲတပ်ဖွဲ့ဝင်များက မသင်္ကာ၍ ခေါ်စစ်ရာမှ ဘုရားကြီးဝင်းအတွင်း အလှူငွေ ခိုးယူခဲ့သည်ဟု ပေါ်ပေါက်ခဲ့ကြောင်း ထားဝယ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စစ်ဆေးမေးမြန်းရာမှ ၎င်းနှင့်အတူ ခိုးယူခဲ့သူ ၃ ဦးကို ထပ်မံဖမ်းမိခဲ့ပြီး ၁ ဦးလွတ်မြောက်နေဆဲဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။ ဖမ်းမိထားသူ ၄ ဦးမှာ အသက် ၁၆ နှစ် ၀န်းကျင်အရွယ် လူငယ်များဖြစ်ပြီး ၄ ဦးစလုံး ဘုမ္မော်ရပ်ကွက်မှဖြစ်ကြောင်း … Continue reading ဘုရားအလှူခံပုံးဖောက်မှု သံသယရှိသူ ဆယ်ကျော်သက်လေးဦး ဖမ်းမိ